တမ်းတခြင်း
by prohibicdevil on Oct.11, 2009, under Uncategorized
ဆုံနေချင်လည်း ဆုံခွင့်မရှိတဲ့လမ်းကို
လျှောက်လှမ်းနေမီတယ်
မြင်ချင်နေလည်း မြင်ခွင့်မရှိတဲ့
ဘ၀ကိုကျေနပ်နေမိတယ်
ကြားချင်နေလည်း ကြားခွင့်မရီတဲ့အသံလေးကို
ကြားယောင်နေမိတယ်
ချစ်နေပေမယ့်လည်း မျှော်လင့်နေရတဲ့ဘ၀လေးကို
တပ်မက်နေမိတယ်
အချိန်တွေလည်းကြာခဲ့ပီ…………
ရာသီလေးတွေလည်းပြောင်းခဲ့ပီ…………..
နေရာလေးတွေလည်းဟောင်းခဲ့ပီ……………..
ဒါပေမယ့်
နင်သိခွင့်မရှိခဲ့တဲ့ ငါ့ချစ်ခြင်း……..
နင့်မရိပ်မိခဲ့တဲ့ ငါ့ရဲ့မျှော်လင့်ခြင်း……
နင်လုံးဝမသိခဲ့တဲ့
နင်လုံးဝ မထင်မှတ်ခဲ့တဲ့
ငါနင့်အပေါ်ထားရှိခဲ့တဲ့ စစ်မှန်တဲ့ချစ်ခြင်းကတော့
အခုအထိမပြောင်းလဲပဲ
အခုအထိမဟောင်းသေးပဲ
အချစ်ဆိုတဲ့ အချိန်မှန်နာရီလေးက
နှလုံးခုန်သံ တငြိမ့်ငြိမ့်နဲ့
သစ်လွင်စွာေ၇ွှ့လျာနေဆဲပါ
Leave a Comment more…
စွန်းထင်းခဲ့သူ
by prohibicdevil on Oct.11, 2009, under Uncategorized
မှန်းရခက်တဲ့ ကြိုးတစ်စက
ကောင်လေးရဲ့ မျက်ဝန်းနဲ့
ခဏတာဆုံဆည်းလိုက်တိုင်း
ငါ့နှလုံးသားမှာ နှောင်ကြိုးအဖြစ်
ရစ်ထုံးသွားတာဘယ်သူသိနိုင်မှာလဲ
တစ်ကရ်ဆို……..
ငါဟာ အချစ်နဲ့ပတ်သက်လို့ မာယာကင်းမဲ့သူပါ
ဖြူစင်ခြင်းဆိုတဲ့ ၀ဲဂယက်ထဲမှာ
အေးချမ်းစွာကူခတ်နေရတဲ့ ဘ၀လေးကို
မက်မောခုံမင်စွာ
ကျေနပ်မှုများစွာနဲ့
ရောင့်ရဲနေတက်သူပေါ့
အခုတော့……….
မမျှော်လင့်တဲ့ ချည်နှောင်မှုရဲ့အောက်မှာ
အတ္တ မာန တပ်မက်မှု မာယာ ဆိုတဲ့
မကောင်မှန်သိတဲ့ အရာတွေကို
အလိုအလျှောက်ပိုင်ဆိုင်နေခဲပြီ
ဒါပေမယ့်
ပြန်လည်ရုန်းထွက်ဖို့ အခွင့်အရေးရှိတောင်
အဲဒီအခွင့်အရေးတွေကို ဟိုးခပ်ဝေးဝေး
ကမ္ဘာ့အပြင်ဘက်ကို လွှင့်ပစ်လိုက်မယ်
Leave a Comment more…
အရိပ်မဲ့သက်သေ
by prohibicdevil on Oct.11, 2009, under Uncategorized
* အချစ်ကို….
* ချိုမြိန်တဲ့ပန်းသီးတစ်လုံးလို မြည်းစမ်းကြည့်ချင်ခဲ့ဖူးတယ်…………..
* အမြဲစိမ်းသစ်ပင်တစ်ပင်လို ရှင်သန်နေမှာပဲလို့ထင်ခဲ့ဖူးတယ်………..
* မြေနီလမ်းလေးတစ်ခုလို ကဗျာဆန်နေမှာပဲလို့ တွေးမိဖူးတယ်………….
* လိပ်ပြာတစ်ကောင်လို မြူးပျံ့နေမှာပဲလို့ယုံခဲ့ဖူးတယ်……………
* ပန်းတစ်ပွင့်လို နုးညံ့နေမှာပဲလို့ တွေးခဲ့ဖူးတယ်……………..
* မြွေဟောက်တစ်ကောင်လို အဆိပ်ပြင်းတယ်လို့လဲကြားခဲ့ဖူးတယ်…………..
* တိမ်ဆိုင်တစ်ခုလို မျောလွက့်နေမှာပဲလို့ ထင်ခဲ့ဖူးတယ်……….
* တေးသီငှက်တစ်ကောင်လို သာယာတဲ့တေးသံတွေကို သီကြွေးနိင်မှာပဲလို့ ယုံခဲ့ဖူးတယ်……… ရေစီးသန်မြစ်တစ်စင်းလို အားမာန်ပြည့်လိမ့်မယ်လို့ ထင်ခဲ့တယ်…………. တောင်တန်းပြာလို……………………..
* နွေးဦးရွက်ကြွေလို………………………….
* ပင်လယ်ဒီရေလို………………. ……………………………………….. ……………………………………….. ………………………………………… ………………………………………… …………………………………………
* တွေးခဲ့…..ထင်ခဲ့………….. ကြားဖူးခဲ့………ယုံကြည်ခဲ့…………….
* မြည်းစမ်းကြည့်ချင်ခဲ့တာပါ
* အချစ်နဲ့မတွေ့ အချိန်အထိပေါ့
* ခင်ဗျားတို့ယုံမလားတော့မသိဘူးဗျာ
* အချစ်နဲ့တွေ့ပုံက…………………
* တိုးလျ…. ညင်သာ………ငြိမ်သက်….နူးညံ့လွန်းခဲတော့
* ဘယ်အချိန်မှာစတွေ့လိုက်လဲတောင်……….. ငါမသိခဲ့ပါဘူး………………. အဲ..သတိထားမိတဲ့အချိန်မှာတော့….
* ကျွန်တော်ဟာ….အချစ်ရဲ့အထိအတွေ့မှာ………. ပျော်ဝင်…နစ်မျော…စီးစင်း…တိမ်းမော….သာယာနေမိပီလေ
Leave a Comment more…
နှလုံးသာ.သံစဉ်
by prohibicdevil on Oct.11, 2009, under Uncategorized
ကောင်လေးရေ………….
အသည်းမှာစွဲနေတဲ့ မြှားချက်က
ဘယ်သူမှမသိဘူး
ငါ့ကိုရူးသွာစေခဲ့တာ
ကောင်လေးရေ……………….
“ငါနင့်ကိုချစ်တယ်”
ရာစုနှစ်ပေါင်းများစွာကတည်းက
အခုထိမရိုးနိုင်တဲ့ စကားလုးံဆိုပေမယ့်
ငါ့အသက်နဲ့အတူဘ၀တစ်ခုလုံးပါ
ဒီစကားလုံးနဲ့ထပ်တူကျတယ်
ကောင်လေးရေ…………….
အချစ်က လောင်စာပဲဖြစ်စေဦး
ငါ့နှလုံးသားနဲ့ရင်းပြီး
အလောင်ကျွမ်းခံဝံ့တယ်
ကောင်လေးရေ……………..
၁၅၀၀ လွင်ပြင်ဟာ လူသတ်ကွင်းဖြစ်ပါစေ
ငါ့ရင်ထဲမှာဘယ်တော့မှ
အမုန်းပန်းတွေပွင့်နေမှာမဟုတ်ပါဘူး
ကောင်လေးရေ…………..
တစ်ရေးနိုးမှာတောင် ငါအမှတ်ရညည်းမိတာက
“နင့်ကိုချစ်တရ်”
Leave a Comment more…
လမင်း Moon
by prohibicdevil on Oct.11, 2009, under Uncategorized
လမင်း…….
အေးချမ်းလိုက်တာ
တိုးတိုးလေးဆိုညည်းရင်တောင်
နှလုံးသားလေးခပ်ငြိမ့်ငြိမ့်တုန်ခါသွားတယ်
လမင်း……..
သစ်စာရှိလိုက်တာ
အချိန်မှန်ေါ်ထွက် အချိန်မှန်ပျောက်သွားလိုက်နဲ့
လူတွေရဲ့စိတ်မှာ
မျှော်လင့်ချက်ဆိုတာကို ရိုက်သွင်းနိုင်တယ်
moon ရေ………
ငါဆိုတဲ့ကောင်မလေးက
moon ထာဝရ ထွန်းလင်းနေတာ
moon ထာဝရ အေးချမ်းနေတာ
moon ထာဝရ အောင်မြင်နေတာ
moon ထာဝရ ပျှော်ရွှင်နေတာ
moon ထာဝရ လိုရာပြည့်နေတာကို
အမြဲတမ်းကြားချင်နေသူပါ
တကယ်လို့သာ
moon နဲ့ငါ ကံကြမာက မျက်လွှာချ
ထာဝရကျောခိုင်းခဲ့ရလည်း
လောကရဲ့တစ်နေရာကနေ
moon ပျှော်ရွှင်နေရင် ပီတိဖြစ်နေမယ်
moon ၀မ်းနည်းနေရင်ကြေကွဲနေမယ်
moon အောင်မြင်နေရင် ကြည်နူးနေမယ်……………….
moon …………………….. …………
လမင်း…….
အေးချမ်းလိုက်တာ
တိုးတိုးလေးဆိုညည်းရင်တောင်
နှလုံးသားလေးခပ်ငြိမ့်ငြိမ့်တုန်ခါသွားတယ်
လမင်း……..
သစ်စာရှိလိုက်တာ
အချိန်မှန်ေါ်ထွက် အချိန်မှန်ပျောက်သွားလိုက်နဲ့
လူတွေရဲ့စိတ်မှာ
မျှော်လင့်ချက်ဆိုတာကို ရိုက်သွင်းနိုင်တယ်
moon ရေ………
ငါဆိုတဲ့ကောင်မလေးက
moon ထာဝရ ထွန်းလင်းနေတာ
moon ထာဝရ အေးချမ်းနေတာ
moon ထာဝရ အောင်မြင်နေတာ
moon ထာဝရ ပျှော်ရွှင်နေတာ
moon ထာဝရ လိုရာပြည့်နေတာကို
အမြဲတမ်းကြားချင်နေသူပါ
တကယ်လို့သာ
moon နဲ့ငါ ကံကြမာက မျက်လွှာချ
ထာဝရကျောခိုင်းခဲ့ရလည်း
လောကရဲ့တစ်နေရာကနေ
moon ပျှော်ရွှင်နေရင် ပီတိဖြစ်နေမယ်
moon ၀မ်းနည်းနေရင်ကြေကွဲနေမယ်
moon အောင်မြင်နေရင် ကြည်နူးနေမယ်……………….
moon …………………….. ………………………